Father Ray Foundation သည် ထိုင်းနိုင်ငံ ချွန်းပူးရီးတွင် တည်ရှိပြီး 850 သော ကလေးငယ်များနှင့် မသန်စွမ်းများကို စောင့်ရှောက်လျက်ရှိသည်။
ကိုဗစ်-19 မတိုင်မီ 2020 ခုနှစ်၊ ဖေဖော်ဝါရီလတွင် PHC သည် “Father Ray အတွက် ပြေးခြင်း” ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်များ ကီလိုမီတာ အပြေးပြိုင်ပွဲကို ကျင်းပကာ Father Ray Foundation သို့ အလှူငွေကို ထည့်သွင်းနိုင်ခဲ့သည်။ အပြေးပြိုင်နေ့တွင် Father Ray Foundation မှ မသန်စွမ်းများအပါအဝင် ကလေးငယ် 50 ဦးသည် ကျွန်တော်တို့၏ အဖွဲ့ဝင်များနှင့်အတူ 3 ကီလီမီတာ ပြေးနိုင်ခဲ့သည်မှာ အံ့သြစရာပင် ဖြစ်သည်။ ကလေးငယ်များအပါအဝင် ကျွန်တော်တို့ စုစုပေါင်း 7,541 ကီလိုမီတာ ပြေးခဲ့ပါသည်။ PHC မှ ထိုင်းဘတ်ငွေ 689,690 ဘတ်နှင့် Mr. Cyrille မှ ဘတ်ငွေ 500,000 စုစုပေါင်း ဘတ်ငွေ 1,189,690 ပေးကမ်း လှူဒါန်းခဲ့ပါသည်။ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် DG ၏ ဆိတ်နို့ ထုတ်လုပ်ရေးမှလည်း ယင်းတို့၏ ထုတ်ကုန်များကို လှူဒါန်းခဲ့ပါသည်။ 2021 ခုနှစ်၊ ဖေဖော်ဝါရီလ 25 ရက်နေ့တွင် Father Ray Foundation ၏ ကလေးငယ်များ၏ ဘဝနေထိုင်မှု အရည်အသွေးနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် Pacific Healthcare နှင့် Mr. Cyrille တို့မှ ဘတ်ငွေ 1,200,000 ဘတ်ကို လှူဒါန်းခဲ့ပါသည်။ ထို့ပြင် 2021 ခုနှစ်၊ မတ်လတွင် စီစဉ်ကျင်းပသော “Garage Sale” အစဉ်အစီတွင် Pacific Healthcare ၏ 300 ကျော်သော ဝန်ထမ်းများသည် ယင်းတို့၏ကိုယ်ပိုင် တစ်ပတ်ရစ်ပစ္စည်းအသုံးအဆောင်များ၊ ရံဖန်ရံခါမှ သုံးသော ပစ္စည်းများကို ပါဝင်လှူဒါန်းကာ ယင်းအစီအစဉ်တွင် တင်ရောင်းခဲ့ပါသည်။ ရောင်းရငွေများအားလုံးကို Father Ray Foundation သို့သာ ထည့်ဝင်လှူဒါန်းပါသည်။
ထို့ပြင် Pacific Healthcare နှင့် Mr. Cyrille တို့သည် ထိုင်းနိုင်ငံ တောင်ဘက်စွန်းပိုင်း ခရိုင်များရှိ ငြိမ်းချမ်းရေးအတွက် ကလေးငယ်များနှင့် လူငယ်များ အဖွဲ့အစည်း သို့မဟုတ် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ခရိုင်သုံးခုမှ အကြမ်းဖက်မှုဒဏ်ကို ခံရသော လွတ်ရီယန်အုပ်စုရှိ ကလေးငယ်များ၏ နေစဉ်ဘဝနေထိုင်မှုနှင့် ပညာရေး စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များကို အကောင်အထည်ဖော်ခြင်းအနေဖြင့် အဆိုပါ အဖွဲ့အစည်းသို့ ဘတ်ငွေ 1,200,000 ကို လှူဒါန်းခဲ့ပါသည်။ သဘာဝ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ထိုင်းလူငယ်များအား အသိပညာပေးရန် ရည်ရွယ်၍ Father Ray Foundation မှ ကလေးငယ်များအား သန္တာကျောက်တန်းများ စိုက်ခြင်း လှုပ်ရှားဆောင်ရွက်ချက်သို့ လက်တွဲခေါ်ဆောင်ရွက်သော ဆောင်ရွက်ချက်များအပါအဝင် အခြားဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်ခဲ့သည်။