ပင်လယ်ပြင်အား ပေါက်ဖွားရှင်သန်နိုင်မှုကို ပြန်လည်ဖန်တီးပေးခြင်း၊ များစွာသော ငါးမျိုးစိတ်နှင့် ပယ်လယ်သတ္တဝါများအား နားခိုရာနှင့် အကာအကွယ်ပေးခြင်း။
PHC သည် ထိုင်းနိုင်ငံ ချွန်းပူးရီးခရိုင်၊ ဆမယ်ဆန် ပင်လယ်တွင် ပင်လယ်ပြင်အား ပေါက်ဖွားရှင်သန်နိုင်မှုကို ပြန်လည်ဖန်တီးပေးရေး၊ များစွာသော ငါးမျိုးစိတ်နှင့် ပယ်လယ်သတ္တဝါများအား နားခိုရာနှင့် အကာအကွယ် ပေးရေးအတွက် ပင်လယ်ဆိုင်ရာ သိပ္ပံဌာနနှင့် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှုစင်တာတို့နှင့် လက်တွဲကာ “PHC Blue Land” အမည်ဖြင့် သန္တာကျောက်တန်း စိုက်ထူမှုကို 6 နှစ် ဆက်တိုက် သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ခဲ့ပါသည်။
သန္တာကျောက်တန်းများ ဖြစ်ထွန်းတိုးပွားမှုအတွက် အရေးကြီးဆုံးအချက်မှာ သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေးအတွက် ဒေသခံလူထုအား တိကျသော အသိပညာနှင့်တကွ အသိသတိ တည်ဆောက်ပေးရေးပင် ဖြစ်သည်။ ပယ်လယ်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် PHC သည် ချွန်းပူးရီးခရိုင်ရှိ Father Ray Foundation မှ ဒေသခံလူငယ်များအား နုနယ်သော ကလေးဘဝမှစ၍ ဤစီမံကိန်းများသို့ ပါဝင်လှုပ်ရှား စေခဲ့သည်။ သူတို့သည် သန္တာကျောက်တန်းများကို 6 sqm စိုက်ခဲ့ပြီးဖြစ်သည်။